ပေါင်းတည် ဇန်နဝါရီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ရွေးကောက်ပွဲလုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒပြုမဲ ပေးခြင်းကို ယနေ့နံနက် ၉နာရီမှစ၍ မြို့နယ်ခန်းမတွင် ဆောင်ရွက်ကြသည်။
ထိုသို့ ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများနှင့် ပက်သက်၍ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်းများ၌ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၄၅)(ခ) အကျုံးဝင်သည့် မဲဆန္ဒရှင်များအနက် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ရမည့်သူများသည် ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။
ထိုထုတ်ပြန်ကြေညာချက်၊ စည်ကမ်းချက်များနှင့်အညီ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၁၁ ရက်၊ ရွေးကောက်ပွဲ အပိုင်း(၂)၌ ပါဝင်ကျင်းပမည့် ပေါင်းတည်မြို့နယ်၏ ရွေးကောက်ပွဲတွင် လုံခြုံရေးတာဝန်များ ထမ်းဆောင်ကြမည့် မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့တွင် ကြိုတင်ဆန္ဒမဲများ ပေးကြကြောင်း သိရသည်။
ရွေသား(IPRD)