ပဲခူးတိုင်းဒေသကြီး

ညောင်လေးပင်မြို့နယ် မြို့မစျေးကြီးအတွင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပေးခြင်းနှင့်လက်တွေ့သရုပ်ပြခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မြို့မစျေးကြီးအတွင်း မီးဘေးလုံခြုံရေးအတွက် ညောင်လေးပင်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းများဆောင်ရွက်ခြင်းတို့ကို ယနေ့နံနက်(၈)နာရီအချိန်က ပြုလုပ်ခဲ့သည်။

မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို ဖြူးမြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ လုပ်ငန်းလမ်းညွှန်မှုသင်တန်းကို နိုဝင်ဘာလ (၂၅) ရက်နေ့ နံနက် (၉) နာရီခွဲက စည်ပင်ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ မဲရုံမှူး ဒုတိယမဲရုံမှူး သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မဲရုံမှူး ဒုတိယမဲရုံမှူး သင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိမင်္ဂလာခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။ ဦးစွာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကားပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ညောင်လေးပင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ ဒုတိယအကြိမ် မဲစာရင်းကပ်ထားခြင်းနှင့် မဲရုံများအား တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်သူများ ဆန္ဒမဲပေးနိုင်ရန် ဆောင်ရွက်ထားရှိသော ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအား ယနေ့ နံနက် (၁၀)နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပြည်မြို့ ရေနံထွက်ပစ္စည်းစိစစ်ကြီးကြပ်ရေးရုံးခွဲ၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်

ပြည်မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပြည်မြို့ရှိ ပဲခူးတိုင်းဒေသကြီး ရေနံထွက်ပစ္စည်းစိစစ်ကြီးကြပ်ရေးရုံးခွဲ(ပြည်)၌ မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်းသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုတို့ကို ကွင်းဆင်းဆောင်ရွက်ကြသည်။

ရေတာရှည်မြို့နယ်တွင် ဌာနဆိုင်ရာများအား ကော်ဖီပျိုးပင်များ ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပျိုးပင် ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ရေတာရှည်မြို့နယ်တွင် မဲစာရင်းဒုတိယအကြိမ် ကြေညာထားရှိမှုနှင့် မဲရုံနေရာများအား ကွင်းဆင်းကြည့်ရှု

 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားမှုနှင့် မဲရုံနေရာထားရှိမှုကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများကကျေးရွာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကိုဗစ်-၁၉ မျိုးကွဲသစ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း​က ကြက်သွန်ခင်း(၂) ရပ်ကွက်နှင့် ပဲခူးလမ်းရပ်ကွက်အတွင်းသို့ သုံးဘီးမော်တော်ယာဉ်ဖြင့် နှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိသည်။

ပန်းတောင်းမြို့နယ်တွင် မဲရုံမှူးနှင့်ဒုမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အဖက်ဖက်မှအောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ပေးအပ်မည့် မဲရုံမှူးနှင့်ဒုမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်သင်တန်းကို ယနေ့နံနက် (၉) နာရီက ဝန်လိုရပ်ကွက်၊ သာသနာ့ဗိမာန်၌ ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သူရ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၂၅၂) ဦး တက်ရောက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး