တောင်ငူ ဇန်နဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးပွဲတော်ဖြစ်မြောက်ရေး ဦးစီးကော်မတီမှ ကြီးမှူး၍ စက်ဘီးအပျော်စီးပွဲတော်ကို ယနေ့နံနက် (၅)နာရီအချိန်က မိုင်ဒါကွင်း၌ ကျင်းပသည်။
ထိုသို့ကျင်းပရာတွင် တောင်ငူမြို့၊ မိုင်ဒါကွင်းမှ ရန်ကုန်- မန္တလေးလမ်းမှ ထီးလှိုင်လမ်းအတိုင်း မိုင်ဒါကွင်းသို့ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ စက်ဘီးအပျော်စီးသူများ စုစုပေါင်း(၂၅၀)ဦးခန့်က ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြောင်းနှင့် အဆိုပါစက်ဘီးအပျော်စီးပွဲသို့ တောင်ငူမြို့ မြို့မိမြို့ဖများ၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)