(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပေါင်းတည်၌ အားကစားပြိုင်ပွဲများ ကျင်းပ

ပေါင်းတည် ဇန်နဝါရီ ၃

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး၍  အားကစားပြိုင်ပွဲများ ကျင်းပလျက်ရှိသည်။

အဆိုပါပြိုင်ပွဲများကို မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်‌ပေးလျက်ရှိပြီး ကျား/မ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ သက်ငယ် လက်ဝှေ့ပြိုင်ပွဲများ၊ အပျော်တမ်း ‌အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲနှင့် အပျော်တမ်း အမျိုးသား ဘော်လီဘော ပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။

ရွှေသား(IPRD)