ပဲခူးတိုင်းဒေသကြီး

နတ်တလင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

လက်ပံတန်း၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့် စာအုပ်စာစောင်များ ပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ်အတွင်းရှိ စတိုးဆိုင်များအား E-cigarette(Vape)ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထိုက်စိုးဦးဆောင်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးနှင့်တာဝန်ရှိသူများပူးပေါင်း၍ မြို့နယ်အတွင်းရှိ စတိုးဆိုင်များတွင် E-cigarette(Vape) ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ်၌ ပေါ့ဆ"မီး"ကြောင့် ပြည်လုံးချမ်းသာဘုရားဓမ္မာရုံတွင် မီးလောင်မှုဖြစ်ပွား

ပဲခူးတ်ိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ည (၁၉)နာရီ(၅၅)မိနစ် အချိန်က နတ်မောက်ကျေးရွာ/အုပ်စုရှိ ပြည်လုံးချမ်းသာဘုရားဓမ္မာရုံအတွင်းရှိ ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ထန်းတပင်မြို့နယ် မြို့မဈေးအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးသူ ဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံမှုရှိစေရေးအတွက် အသိသတိရှိကြရန် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့မဈေးအတွင်းပြုလုပ်ခဲ့သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ပညာသင်တန်း ( ၂/ ၂၀၂၄) ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာကြည့်တိုက်ပညာသင်တန်း ( ၂/ ၂၀၂၄) ကို ဖွင့်လှစ်သင်ကြားသည်။

ပေါင်းတည်၌ လျှပ်စစ်မှတစ်ဆင့် မီးလောင်ကျွမ်းမှုမရှိစေရေး စျေးများအတွင်း၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ကြီးကြပ်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ စျေးများအတွင်း လျှပ်စစ်မှ တစ်ဆင့်် မီးလောင်ကျွမ်းပျက်စီးမှုမရှိစေရေး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ကြီးကြပ်မှုဖြင့်၏ ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းများဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေနှင့် ပဲခူးတိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် တောင်ငူခရိုင်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ရေးလုပ်ငန်းခွင်များသို့ ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ပေါင်းတည်မြို့နယ်၌  ဖူးစားပြောင်း ဧက ၁၈၀၀ ကျော် စိုက်ပျိုး​ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် ခြံစိုက်တောင်သူများ၏ ဖူးစားပြောင်းစိုက်ပျိုးခင်းများသည် ဖြစ်ထွန်းလျက်ပြီး စုစုပေါင်း ၁၈၃၇ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး လတ်တလောအချိန်တွင် ပြောင်းစိုက်တောင်သူများထံမှ ဒေသခံပြောင်းဖူးဈေးတန်းက ဝယ်လိုအားကောင်းနေပြီး အဝယ်ဒိုင်များကလည်း စျေးကောင်းပေးဝယ်ယူလျက်ရှိကြောင်းသိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး