ထန်းတပင်(ပဲခူး) ဒီဇင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် မြို့မဈေးအတွင်းရှိ ဈေးသူ ဈေးသားများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးဘေးလုံခြုံမှုရှိစေရေးအတွက် အသိသတိရှိကြရန် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးငြိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၈ နာရီခွဲအချိန်က မြို့မဈေးအတွင်းပြုလုပ်ခဲ့သည်။
ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ရာတွင် မီးသတ်တပ်ဖွဲ့ဝင်များက သရုပ်ပြမီးငြိမ်းသတ်ခြင်း ဈေးဝန်ထမ်းများနှင့် ဈေးသူဈေးသားများက လက်တွေ့မီးငြိမ်းသတ်ခြင်း မီးသတ်မော်တော်ယာဥ်ဖြင့် ရေပက်ဖြန်းခြင်း ဈေးဆိုင်ခန်းများအတွင်း လျှပ်စစ်ဝါယာသွယ်တန်းမှုများ ရေကန်များစစ်ဆေးခြင်းတို့ကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်အောင်ဝင်းစိန်နှင့်ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးပြုလုပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ ဌာနဆိုင်ရာများ ဈေးသူဈေးသားများ လာရောက်အားပေးခဲ့ကြပြီး မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)