တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာကြည့်တိုက်ပညာသင်တန်း ( ၂/ ၂၀၂၄) ဖွင့်လှစ်

တောင်ငူ ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်ရာတွင် ကျွမ်းကျင်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက စာကြည့်တိုက်ပညာသင်တန်း ( ၂/ ၂၀၂၄) ကို ဖွင့်လှစ်သင်ကြားသည်။

ဦးစွာ တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းကိုဖွင့်လှစ်သင်ကြားသည်။ အဆိုပါသင်တန်းတွင် တောင်ငူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်အေးတို့က စာကြည့်တိုက်အမျိုးအစားများ၊ စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေး၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ ရည်ညွှန်းစာအုပ်အမျိုးအစားများ၊ ထားသိုမှုစနစ်၊ မှတ်သားမှုစနစ်၊ စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်း၊ စာငှားစနစ်နှင့် Digital Library Management System (DLMS) စနစ်အသုံးပြုနည်းတို့ကို စာတွေ့လက်တွေ့ပို့ချသင်ကြားသည်။

အဆိုပါသင်တန်းသို့ တောင်ငူခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း () ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)