ပေါင်းတည်၌ လျှပ်စစ်မှတစ်ဆင့် မီးလောင်ကျွမ်းမှုမရှိစေရေး စျေးများအတွင်း၌ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာမှူး ကြီးကြပ်စစ်ဆေး

ပေါင်းတည် ဒီဇင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်ရှိ စျေးများအတွင်း လျှပ်စစ်မှ တစ်ဆင့်် မီးလောင်ကျွမ်းပျက်စီးမှုမရှိစေရေး မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၏ကြီးကြပ်မှုဖြင့်၏ ဒီဇင်ဘာ ၁၈ရက် နေ့လယ်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဝင်းမြင့်နှင့် ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စျေးကော်မတီအဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက မြို့မစျေးနှင့်ရွှေတည်စျေးတို့တွင် စျေးအတွင်းအသုံးပြုနေသည့် ထရန်စဖော်မာများ၊ သွယ်တန်းထားသောလျှပ်စစ်ဝါယာကြိုးများနှင့် လျှပ်စစ်မီးလုံးများ၊ မီးခလုပ်ခုံများ၊ မိန်းခလုပ်ကြီးများ၊ လျှပ်စစ်မီတာများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ​ပြီး၊ စျေးသူစျေးသားများ လျှပ်စစ်မှမီးလောင်ကျွမ်းမှုမဖြစ်ပေါ်စေရေးတို့ကို အထူးသတိပေး အသိပညာပေး မှာကြားခဲ့ကြောင်းသိရသည်။

ရွှေသား (ပြန်/ဆက်)