၂၀၂၅ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကား

ပဲခူး ဒီဇင်ဘာ ၃၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပဲခူးမြို့အတွင်းရှိ ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့်ဝန်ထမ်းမိသားစုများ အပန်းဖြေပျော်ရွှင်စေရန်နှင့် ၂၀၂၅ ခုနှစ် နှစ်သစ်ကို သာယာပျော်ရွှင်ချမ်းမြေ့စွာ ကြိုဆိုနိုင်ရန်ရည်ရွယ်၍ကျင်းပသည့် နှစ်သစ်ကူးအကြိုတေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ညပိုင်းတွင် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဥ်ရပ်နားဝန်း၌ ကျင်းပပြုလုပ်ရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။ 

တေးဂီတဖျော်ဖြေပွဲကျင်းပပြုလုပ်ရာ ရွှေမော်ဓောစေတီတော်မြတ်ကြီး လမ်းတလျှောက်တွင် ရောင်စုံအလှမီးများ လှပဝေဆာစွာ ဆင်ယင်ထွန်းညှိထားသည့်အပြင် အလှဓာတ်ပုံရိုက်ရန် Photo Booth များကိုလည်း ထည့်သွင်းထားပြီး ပွဲတော်ကျင်းပရာ ကွင်းအတွင်း၌ တေးဂီတဖျော်ဖြေပွဲသို့လာရောက်ကြသူများ အဆင်ပြေစွာဝယ်ယူစားသောက်နိုင်ရေးအတွက် စားသောက်ဆိုင်ခန်းများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်များ ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည်။

၂၀၂၅ ခုနှစ် နှစ်သစ်ကူးအကြို တေးဂီတဖျော်ဖြေပွဲကို ဒီဇင်ဘာ ၃၀ ရက်နေ့ ည ၇ နာရီမှစတင်၍ နာရီအထိ ဖျော်ဖြေလျက်ရှိရာ လာရောက်လည်ပတ်ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင်လည်း Countdown ရေတွက်မည့်အစီအစဥ်အပါအဝင် ဖျော်ဖြေရေးအစီအစဥ်များကို ည ၆ နာရီမှစတင်၍ ည ၁ နာရီအထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)