တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာဖတ်ဝိုင်း ကျင်းပ

တောင်ငူ ဒီဇင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက စာရေးသူ  အောင်ကိုဦး(UMK)ရေးသားထားသည့်  “လူငယ်တွေကို လမ်းဖွင့်ပေးပါ”စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ဆွေးနွေးရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နာယက ဦးမြသိန်းက  ဦးဆောင်ဆွေးနွေးခဲ့သည်။

ထို့နောက် Book Club ဥက္ကဋ္ဌ ဦးစောဂျရုန်း (မောင်ယဥ်ထွေးတက္ကသိုလ်)က  “မနက်ဖြန်ကို ပိုလှစေမယ့် နည်းလမ်း ()သွယ် ခေါင်းစဥ်ပါအကြောင်းအရာများ၊ Book Club အဖွဲ့ဝင် ပန်းချီဆရာ ဦးစိုးမြင့်လေးက ပရော်ဖက်ရှင်နယ်တွေ လုပ်လေ့ရှိတဲ့ အလေ့အထများခေါင်းစဥ်ပါအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများသည် ၎င်းတို့၏ အတွေးအမြင်များကို ပြန်လည်ဆွေးနွေးကြပြီး Book Club နာယက ဦးမြသိန်းက ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ် ဆွေးနွေးခဲ့သည်။

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများ လစဥ်ကျင်းပလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)