ပဲခူးတိုင်းဒေသကြီး

ဇီးကုန်းမြို့နယ်၌ တောင်သူများအား လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ထုတ်လုပ်သော လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်  ၁၀ နာရီက ဇီးကုန်းမြို့နယ်အတွင်းရှိ တောင်သူများအား လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ရွှေကျင်မြို့နယ် ကျွဲတဲရပ်ကွက်တွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ကျွဲတဲရပ်ကွက်၊ အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် ၂၀၂၆ ခုနှစ် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ( ၁၀ )နာရီက ကျင်းပပြုလုပ်ခဲ့သည်။

သာယာဝတီ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲများကို ယနေ့နံနက်ပိုင်းက အ.မ.က (ရေဝေ) ကျောင်း၌ ပြုလုပ်ခဲ့သည်။

သဲကုန်းမြို့နယ်တွင်  မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ ဆရာမများ အခက်အခဲမရှိစေရေး မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ဆိုင်ရာ ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဇန်နဝါရီ ၁၇ ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ  မဲရုံတာဝန်ကျဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲကျင်းပမည့်နေ့တွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံတာဝန်ကျဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ဇန်နဝါရီလ (၁၇) ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေ တက်ရောက်ခဲ့သည်။

နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် တာဝန်ရှိသူများ သဲကုန်းမြို့နယ်အတွင်းရှိ မဲရုံအဖြစ်ဆောင်ရွက်မည့် တည်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အဆင်​​ပြေစွာဆန္ဒမဲပေးနိုင်ရေးအတွက်  သတ်မှတ်မဲရုံ တည်နေရာများလိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နတ်တလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မဲရုံအဖြစ် ကျင်းပပြုလုပ်မည့်  ရပ်ကွက်များ၌ ကွင်းဆင်းကြည့်ရှုလိုက်လံစစ်ဆေးခဲ့သည်။

သဲကုန်းမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်ခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အသင်းအဖွဲ့များ ခိုင်မာအားကောင်းစေရန် နည်းပညာဖြန့်ဖြူးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ (၁၇) ရက်နေ့က ခေတ်မီစံပြကျေးရွာထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (Smart Village) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၊ ကြို့ရပ်သာကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။

သဲကုန်းမြို့နယ်တွင် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့် ပြန်ဆိုထားသည့် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ(၂၅) ရက်နေ့တွင် လွတ်လပ်၍ တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ (အပိုင်း-၃) ကို ကျင်းပမည်ဖြစ်ရာ မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေးအတွက် တိုင်းရင်းသားဘာသာ ၅ မျိုးဖြင့်ပြန်ဆိုထားသည့် “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းက်ို ယနေ့နံနက်(၁၀) နာရီအချိန်က တလိုင်းကုန်ကျေးရွာနှင့် သ​န္ဓေကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ မတ်ပဲစိုက်ခင်းများ၌ နွားကျင်ငယ်ရေသုံးစွဲ၍ ရွက်ဖျန်း မြေဩဇာအသုံးပြုပုံ သရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ နွားကျင်ငယ်ရေသုံးစွဲ၍ ရွက်ဖျန်းမြေဩဇာပက်ဖျန်းအဖြစ် အသုံးပြုနိုင်ကြစေရေး သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ဘိုးသာ‌အောင်ကုန်းကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁/၂၀၂၆) ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး