ကြို့ပင်ကောက်မြို့နယ်၌ ကျောင်းပြင်ပရောက်ရှိနေသော ကျောင်းသား ကျောင်းသူများ Placement Test (အထူးအစီအစဉ်) ဖြင့် စာမေးပွဲဖြေဆို

ကြို့ပင်ကောက် ဇွန် ၁၆

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစတင်၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေသော အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားခွင့် ပြန်လည်ရရှိစေရန် Placement Test စစ်ဆေးခြင်းကို ယမန်နေ့မှ စတင်ခဲ့ရာ ယနေ့ဇွန်လ ၁၆ ရက်နေ့တွင် အင်္ဂလိပ်စာဘာသာရပ်ကို အ.ထ.က (ကြို့ပင်ကောက်) ကျောင်း၌ ဆက်လက်‌ဖြေဆိုလျက်ရှိသည်။

အဆိုပါ Placement Test ဖြေဆိုရာတွင် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျောင်းပြင်ပရောက်နေသော ကျောင်းသား ကျောင်းသူများ စာရင်းရှိ (၄) ဦးတွင် ဝင်ရောက်ဖြေဆိုသူ Grade-3 တစ်ဦးအား မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်တို့အား ရေးဖြေဖြေဆိုရမည်ဖြစ်ပြီး ကျန်ဘာသာရပ်များအား နှုတ်ဖြေဖြေဆိုရမည်ဖြစ်ကြောင်း Grade-4 တစ်ဦး၊ Grade-6 တစ်ဦး၊ Grade-8 တစ်ဦးတို့သည် ရေးဖြေဖြေဆိုရမည်ဖြစ်‌ကြောင်း စုစုပေါင်း ဖြေဆိုသူ လေးဦးရှိကြောင်း သိရသည်။

Placement Test ကို ဇွန်လ ၂၀ ရက်နေ့အထိ ဖြေဆိုရမည်ဖြစ်ပြီး ဇူလိုင်လ တစ်ရက်နေ့တွင် အောင်စာရင်းထုတ်ပြန်ပေးမည်ဖြစ်ပြီး ဖြေဆိုအောင်မြင်သော ကျောင်းသား ကျောင်းသူများအား သတ်မှတ်အတန်းအဆင့်များတွင် ပြန်လည်ပညာသင်ကြားနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)