ပဲခူးတိုင်းဒေသကြီး

သနပ်ပင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက အ.မ.က(မူလွန်)ငါးချဉ်ပိုင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့နယ် အ-လ-က(ဘုရားငါးဆူ)၌ အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း(ဘုရားငါးဆူ)တွင် ကျောင်းသား၊ ကျောင်းသူများအား အသိညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပေါင်းတည်မြို့နယ် အ-လ-ကခွဲ(မှတ်တိုင်လမ်း)၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်းခွဲ(မှတ်တိုင်လမ်း)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကျင်းပသည်။

ပေါက်ခေါင်းမြို့နယ် အ.မ.က(ဘန့်ပြင်)နှင့် အ.မ.က(တောင်ရွာ)၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများအား ဗဟုသုတနှင့်အသိပညာပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိရာ ဇန်နဝါရီလ ၈ ရက်နေ့က အ.မ.က(ဘန့်ပြင်)နှင့် အ.မ.က(တောင်ရွာ)ကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ကျောက်တံခါးမြို့နယ် အခြေခံပညာအလယ်တန်း(ရင်းတိုက်ကုန်း)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဗလငါးတန်းပြည့်စုံစေရေးတို့အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက် (၉)နာရီအချိန်က အခြေခံပညာအလယ်တန်း(ရင်းတိုက်ကုန်း)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်တွင် E-Cigaretteနှင့် Vape အန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ကျောင်းသူများ E-Cigarette နှင့် Vape သုံးစွဲမှုကင်းဝေးစေရေးအတွက် ယနေ့ နံနက် ၉နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဝေါ)အရှေ့၌ E-Cigaretteနှင့် Vape အန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးနှင့်ဝန်ထမ်းများက ယနေ့ နံနက် (၉) အချိန်က အ.မ.ကမကျီးစုသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် ရှေ့ဦးပြုစုခြင်း အခြေခံသင်တန်း လက်တွေ့ ပို့ချ

သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်သည့် ရှေ့ဦးပြုစုခြင်းအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၀)နာရီက အ.မ.က(မူလွန်)အင်းဝ ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်

နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊စာအုပ်၊ စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊
Subscribe to ပဲခူးတိုင်းဒေသကြီး