ပေါင်းတည်မြို့နယ် အ-လ-က(ဘုရားငါးဆူ)၌ အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပေါင်းတည် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဇန်နဝါရီလ ၈ ရက်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအလယ်တန်းကျောင်း(ဘုရားငါးဆူ)တွင် ကျောင်းသား၊ ကျောင်းသူများအား အသိညာပေးလုပ်ငန်းကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ဘုရားငါးဆူ)ကျောင်းအုပ်ဆရာမကြီးဒေါ်ချောစုခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးဆုစံက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေကျေးဇူးအကြောင်းနှင့်ကလေးအလုပ်သမားပပျောက်ရေး၊ ကလေးသူငယ်ဆိုင်ရာဥပဒေအကြောင်းအရာများကို ဟောပြောကာ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ခံအရာရှိ ဦးနိုင်ဝင်းသိန်းက Vape(E-cigarette)၏ ဆိုးကျိုးများနှင့် စားသုံးရန်မသင့်သောအစားအစာများအကြောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးစည်သူဝင်းက ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးအကြောင်း အရာများဟောပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူ ၃ဝ၆ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးဦးစီးဌာနက မူးယစ်ဆေးဝါးဆိုးကျိုးနှင့်လူကုန်ကူးမှုအသိပညာပေး နံရံကပ်စာစောင်များကိုပြသပေးခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)