ဝေါမြို့နယ်တွင် E-Cigaretteနှင့် Vape အန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ဝေါ ဇန်နဝါရီ ၉

ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ကျောင်းသူများ E-Cigarette နှင့် Vape သုံးစွဲမှုကင်းဝေးစေရေးအတွက် ယနေ့ နံနက် ၉နာရီခွဲအချိန်က အခြေခံပညာအထက်တန်းကျောင်း(ဝေါ)အရှေ့၌ E-Cigaretteနှင့် Vape အန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမ ဒေါ်တင်ဇာနွယ်က E-Cigaretteနှင့် Vape သုံးစွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့်အကြောင်း အသိပညာပေးပြီး တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးသည်။

အဆိုပါအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း (ဝေါ)အရှေ့မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)