အုတ်ဖို ဇန်နဝါရီ ၉
သာယာဝတီခရိုင်၊ အုတ်ဖိုမြို့တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ပူးပေါင်းဖွင့်လှစ်သည့် ရှေ့ဦးပြုစုခြင်းအခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ညွန့်ညွန့်စိန်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲမှ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမျိုးမင်းထက်မှဦးစီး၍ သင်တန်ဆရာများက လူနာဆန်းစစ်ခြင်း၊ ဦးစားပေးလူနာရွေးချယ်ခြင်း၊ ပတ်တီးစီးခြင်း၊ ရှော့လက္ခဏာအကြောင်းနှင့် ရှေ့ဦးပြုစုခြင်းဆိုင်ရာဘာသာရပ်များကို လက်တွေ့သင်ကြား ပို့ချပေးလျက်ရှိသည်။ အဆိုပါသင်တန်းတွင် သင်တန်းသားသင်တန်းသူ (၃၆) ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကို (၂)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ ၊ အုတ်ဖို