ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (စတုတ္ထအကြိမ်) အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ငါးရက်တိုင်ကျင်းပ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ (စတုတ္ထအကြိမ်) အသံမစဲ မဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ငါးရက်တိုင်တိုင်ကျင်းပလျက်ရှိရာ အဆိုပါမဟာဆေးပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စေတီတော်ရှိ ပုညကရဏလေးထပ်ဓမ္မာရုံတော် (သုံးထပ်ဆောင်) ၌ ကျင်းပခဲ့သည်။