ပဲခူးတိုင်းဒေသကြီး

အုတ်တွင်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါင်းတည်မြို့နယ် ၁၁ လမ်းအခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ် အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီပွဲနှင့် ဘက်စုံဆုချီးမြှင့်ပွဲများကို စည်ကားသိုက်မြှိုက်စွာ ကျင်းပလျက်ရှိရာ ယနေ့ နေ့လယ်ပိုင်းက စျေး(၂)ရပ်ကွက်ရှိ ၁၁ လမ်း အခြေခံပညာမူလတန်းကျောင်းတွင် ပညာရေးစုံညီပွဲနှင့် ဘက်စုံဆုချီးမြှင့်ပွဲကို စုံညီခမ်းနားစွာ ကျင်းပပြုလုပ်သည်။

ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးပညာပေးဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးဒေါက်တာဝင်းဗိုလ်မှဦးဆောင်၍ ရေတာရှည်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ရေတာရှည်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရေတာရှည်မြို့နယ် အမှတ် (၄) ရပ်ကွက် အ.လ.က (ခွဲ) ကျောင်း၌ ပညာရေးစုံညီပွဲတော် အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ အမှတ် (၄) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ယနေ့နံနက် (၈) နာရီအချိန်က ပညာရေးစုံညီပွဲတော်ကို မြန်မာ့ကျောင်းသီးချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍(၂၀၂၄-၂၀၂၅) ပညာသင်နှစ် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါင်းတည်၌ စီမံကိန်းဝင် ဆီထွက်သီးနှံဆောင်းနေကြာ (၁၅၉၈) ဧက စိုက်ပျိုးထားရှိမှု ဖြစ်ထွန်းအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်တွင်၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ စီမံကိန်းဝင် ဆီထွက်သီးနှံ ဆောင်းနေကြာစိုက်ပျိုးရာ၌ ၁၅၉၈ ဧကအထိ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ သိရသည်။

နတ်တလင်းမြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ Thursday Talk အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဝန်ထမ်းများအား Knowledge Sharingရရှိစေရန်ရည်ရွယ်၍ Thursday Talk အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က နတ်တလင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဖြူးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး သွင်းအားစုများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ နွေစပါး ၁၇၃၈၉ ဧက စိုက်ပျိုးနိုင်ရေးနိုင်ငံတော်မှ သွင်းအားစုများ ပေးအပ်သွားမည်ဖြစ်ရာ နွေစပါးစိုက်​တောင်သူများအား သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက လူငယ့်အားမာန် သမဝါယမအသင်း အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် ဆော်ဩခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး