ထန်းတပင်မြို့နယ်၌ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း လုပ်ငန်းဆောင်ရွက်

ထန်းတပင်(ပဲခူး) ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍(၂၀၂၄-၂၀၂၅) ပညာသင်နှစ် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများက KG ကျောင်းသား၊ ကျောင်းသူတို့အား  အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်နှင့် ရေဓာတ် စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများကို မြို့ပေါ်ရှိစာသင်ကျောင်း (၅) ကျောင်းတွင် ကျွေးမွေးခဲ့ကြသည်။

အဆိုပါ ကျွေးမွေးရာနေရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊  မြို့နယ်ကြက်ခြေနီအသင်းတို့မှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)