ပဲခူးတိုင်းဒေသကြီး

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့များတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ယနေ့တွင် ကျရောက်သည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားပွဲများကို ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ပဲခူးမြို့၊ ဒိုက်ဦးမြို့၊ ကဝမြို့၊ ကျောက်ကြီးမြို့၊ ကျောက်တံခါးမြို့၊ ကြို့ပင်ကောက်မြို့၊ လက်ပံတန်းမြို့၊ မင်းလှမြို့၊ မိုးညိုမြို့၊ နတ်တလင်းမြို့၊ ညောင်လေးပင်မြို့၊ အုတ်ဖို၊ အုတ်တွင်း၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ဖြူး၊ ပြည်၊ ရွှေတောင်၊ ရွှေကျင်၊ သနပ်ပင်၊ တောင်ငူ၊ သာယာဝတီ၊ သဲကုန်း၊ ဝေါ၊ ဇီးကုန်း အစရှိသည့်မြို့များတွင် ကျင်းပပြုလုပ်ကြရာ ခရိုင်/မြို့နယ်အလိုက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပေါင်းတည်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာအစားအစာ ထမနဲထိုးပြိုင်ပွဲစည်ကားသိုက်မြိုက်စွာ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာအစားအစာ ထမနဲထိုးပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

မိုးညိုမြို့နယ်၌ (၇၈)နှစ်မြောက်ပြည်‌ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြင့်မားရေးနှင့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ‌ယမန်နေ့နံနက် ၁၀ နာရီက (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာ‌စောင်၊ စာအုပ်ပြပွဲ၊ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

သနပ်ပင်မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသက်(၁၈)နှစ်အောက်အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်(၉) နာရီအချိန်က Lucky Fish ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများ အားလပ်သည့်အချိန်တွင် စာအုပ်စာစောင်များလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများနှင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်သုံးဘီးယာဉ်ဖြင့် နယ်လှည့်စာကြည့်တိုက်စာငှား၊ စာဖတ်ဝန်ဆောင်မှုပေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက(တောင်လုံးညို) အခြေခံပညာမူလတန်းကျောင်းတို့၌ ပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့တွင် ကလေးများနေ့အထိမ်းအမှတ်အကြိုအခမ်းအနားကျင်းပ

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ကလေးများနေ့ကိုကြိုဆိုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူလတန်းကြိုကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က ကလေးများနေ့အခမ်းအနားကို ကျင်းပခဲ့သည်။

ပဲခူးမြို့၊ အမှတ်(၂)မူလတန်းကြိုကျောင်းရှိ မူကြိုကျောင်းသား/ သူများအား မြန်မာကလေးများနေ့အထိမ်းအမှတ် သင်ထောက်ကူ ပစ္စည်းများနှင့် ကလေးကစားစရာပစ္စည်းများ လှူဒါန်း

ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ရောက်ရှိမည့် မြန်မာကလေးများနေ့ အထိမ်းအမှတ်အဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပဲခူးမြို့ လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ် (၂) မူလတန်းကြိုကျောင်းသို့ သွားရောက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာဦးထံ ကျောင်းသုံးသင်ထောက်ကူပစ္စည်းများနှင့် မူကြိုကျောင်းသား/ ကျောင်းသူလေးများအား ကစားစရာလက်ဆောင်ပစ္စည်းပေးအပ်လှူဒါန်းခဲ့ကြသည်။

နတ်တလင်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လယ် (၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ဖူးစားပြောင်း သီးထပ်စိုက်ပျိုးမှု ဖြစ်ထွန်းအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းသီးနှံကို ရာသီမပြတ် စိုက်ပျိုးလျက်ရှိရာ ယခုသီးထပ်စိုက်ပျိုးလျက်ရှိသည့် မန်ကျီးပင်ကျေးရွာအုပ်စု တောင်သူများ၏ပြောင်းစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့၊ အ.ထ.က (၅) သို့ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကလေးငယ်များ အသိပညာဗဟုသုတရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲပိုင်းက တောင်ငူမြို့၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းသို့ Mobile Library သုံးဘီးယာဥ်ဖြင့် ကွင်းဆင်းဆောင်ရွက်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး