ပဲခူးတိုင်းဒေသကြီး

ပဲခူးမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ကာယ၊ ဉာဏစွမ်းဆောင်ရည်ပြိုင်ပွဲ ပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံး၏ ကြီးကြပ်မှုဖြင့် အုတ်တွင်းမြို့နယ် မိခင်နှင့်ကလေးကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းမှ ၂၀၂၅ ခုနှစ် ယမန်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလေးငယ်များအားကာယ၊ ဉာဏစွမ်းဆောင်ရည်ပြိုင်ပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းဝန်း၌ ကျင်းပပြုလုပ်ပေးခဲ့သည်။

ရွှေတောင်မြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာအလယ်တန်း (ချည်မျှင်) ကျောင်းတွင် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ စံပြမူလတန်းကြိုကျောင်းမှကြီးမှူး၍ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဇီးကုန်းမြို့နယ် အားကစားခန်းးမတွင် ကျင်းပခဲ့သည်။

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နည်းပညာတက္ကသိုလ်(တောင်ငူ)တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက  တက္ကသိုလ်အားကစားကွင်း၌ ကျင်းပသည်။

ဝေါမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား  ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီက  မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

မော်တော်ယာဉ်များ မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၌ နွေရာသီအပူချိန်မြင့်တက်လာသည်နှင့်အမျှ မော်တော်ယာဉ်များ မီးလောင်မှုမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပါကလည်း လက်ဦးမှုရယူငြှိမ်းသတ်နိုင်ရေးအတွက် သတိပြုရမည့် အချက်များနှင့် လိုက်နာ‌ဆောင်ရွက်သင့်သည့် အချက်များကို အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ (၇၈)နှစ်မြောက်၊ ပြည်ထောင်စုနေ့ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရေတာရှည်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရေလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ် (၃) ရပ်ကွက် ခရေလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၆ နာရီခွဲက ကျင်းပခဲ့သည်။

နှစ်စဉ်ကျင်းပမြဲဖြစ်သော( ၁၀၁)ကြိမ်မြောက်ညံရိုးမီး​ပူဇော်ပွဲပြည်မြို့၌ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ လေးဆူဓါတ်ပျော်ရွှေဆံတော်ဘုရားကြီး၌ (၁၀၁)ကြိမ်မြောက် ညံရိုးမီးပူဇော်ပွဲကို ကျင်းပပြုလုပ်သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး