ပေါင်းတည် ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာ့ရိုးရာအစားအစာ ထမနဲထိုးပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို နှစ်စဥ်တပို့တွဲလ၌ ရိုးရာမပျက်ကျင်းပပေးလျက်ရှိပြီး ယခုနှစ်တွင် အထူးစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ရာ မြို့နယ်ဌာနဆိုင်ရာအစုအဖွဲ့ ၃ သင်း၊ မြို့ပေါ်ရပ်ကွက်အသင်းအစုအဖွဲ့ ၃ သင်းတို့က အချင်းချင်းစည်းလုံးညီညွတ်စွာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသောအသင်းများအား ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးမြင့်လှိုင်နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(IPRD )