ပဲခူးတိုင်းဒေသကြီး

ရေတာရှည်မြို့နယ်ရှိ CB Bank ၌ ဘဏ်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ဘဏ်ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှု ဖြစ်ပေါ်လာလျှင် လုပ်ဆောင်ရမည့် နည်းလမ်းများကို သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က CB Bank ၌ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

စစ်ကိုင်းမြို့၌ အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသားလူငယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် စစ်ကိုင်းခရိုင် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသားလူငယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၁၂) ရက်၊ မွန်းလွဲပိုင်းက စစ်ကိုင်းမြို့၊ နှစ် (၇၀၀) ကွင်းအတွင်း ကျင်းပပြုလုပ်သည်။

ဖြူးမြို့နယ် (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၌ မီးဘေးလုံခြုံရေးမီးငြှိမ်းသတ်သရုပ်ပြသခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပေးခြင်း၊ မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၌ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်၌ စာသင်ကျောင်းများ မီးဘေးလုံခြုံရေးနှင့် မီးဘေးန္တရာယ်ကင်းဝေးစေရေး စစ်ဆေး ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများနှင့် တက္ကသိုလ်ဝင်စာမေးပွဲစစ်ဆေးမည့် အခြေခံပညာအထက်တန်းကျောင်းတို့တွင်ကျောင်းသား၊ ကျောင်းသူများ မီးဘေးအန္တရာယ်ကင်းဝေးပြီး စိတ်အေးချမ်းသာစွာဖြေဆိုနိုင်နိုင်စေရန် မီးဘေးလုံခြုံရေးနှင့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းတို့ကို ယနေ့နံနက်ပိုင်းက အဆိုပါစာသင်ကျောင်းများသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောကျင်းပ

ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် သစ်တောဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ ဓမ္မာရုံ၌ "သစ်တောထိန်းသိမ်းရေး၊ ရေသံယံဇာတထိန်းသိမ်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" အစီအစဥ်ကျင်းပပြုလုပ်ခဲ့ပါသည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာ​​ လူထုစိန်ဝင်းရေးသားထားသည့် အတွေးအမြင်ဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးခြင်း၊ DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့မီးငြှိမ်းသတ်ပုံသရုပ်​ပြသခြင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးအဆောက်အဦများနှင့် ဝန်ထမ်းမိသားစုအိမ်ရာများတွင် မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပေးခြင်း၊ ဝန်ထမ်းများနှင့် မိသားစုဝင်များအား DCP မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြသခြင်းနှင့် မီးသတ်ယာဥ်ဖြင့် ရေစိုဇာတ်တိုက်လေ့ကျင့်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သစ်တောဦးစီးဌာနရုံးဝန်း၌ ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)မှ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်သူများ စာပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာပေဗဟုသုတများပိုမိုကြွယ်ဝလာစေရန်၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးတိုင်ပင်ညှိနှိုင်းဆောင်ရွက်တတ်သည့် အလေ့အထများဖြစ်ထွန်းလာနိုင်ရန်ရည်ရွယ်၍ ယနေ့နံနက်(၉:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအကြောင်း ရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းခေါ်ယူရေးကိစ္စရပ်များနှင့်ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများအား အသိပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

တောင်ငူမြို့၌ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ရုံး၌ ယမန်နေ့နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်မှ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးညီညီလွင်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိများနှင့် အမှုထမ်းများ တက်ရောက်ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး