ဖြူး ဖေဖော်ဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မီးသတ်ဦးစီးဌာနမှ ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးလုံခြုံရေး စစ်ဆေးအကြံပေးခြင်း၊ မီးငြှိမ်းသတ်သရုပ်ပြသခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က (၁၆)ကုတင်ဆံ့တိုင်းရင်းဆေးရုံ၌ သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဖြူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးချမ်းဟိန်းလင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဖြူးမြို့နယ်(၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံ၊ ဒုတိယဆေးရုံအုပ်ဒေါ်စိုးလက်မီ၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်ဝင်းဝင်းအေး၊ ဝန်ထမ်းများနှင့်မိသားစုဝင်များအား မီးဘေးလုံခြုံရေး အသိပညာပေးရှင်းလင်း၍ မီးသုံးစွဲမှုစနစ်တကျရှိစေရေး၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ မီးလောင်မှုဖြစ်ပွားပေါ်ပေါက်လာပါက မီးသတ်ဆေးဘူး၊ ရေစိုအဝတ်တို့ဖြင့် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ဆေးရုံနှင့် ဝန်ထမ်းအိမ်ယာအဆောက်အဦများတွင် မီးသတ်ဆေးဘူး စနစ်တကျထားရှိမှုများ၊ လျှပ်စစ်မီးများသုံးစွဲရာ၌ ခံနိုင်ဝန်ထက်ပိုမိုအသုံးမပြုရေးစသည့် အခြေအနေများကို စစ်ဆေးပေးခဲ့ကြောင်းသိရသည်။
နေမျိုးလွင်(ပြန်/ဆက်)