ပဲခူးတိုင်းဒေသကြီး

တောင်ငူမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေး ဒီဂရီကောလိပ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြေးခုန်ပစ်(ကျား၊မ)၊ ဘော်လီဘော(ကျား၊မ)၊ ပိုက်ကျော်ခြင်း(ကျား)၊ စားပွဲတင် တင်းနစ် (ကျား၊မ)၊ လွန်ဆွဲ (ကျား၊မ)နှင့် ဘောလုံးအားကစား (ကျား၊မ) ပြိုင်ပွဲများကို ဖေဖော်ဝါရီ ၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တောင်ငူခရိုင် အားကစားကွင်း၌ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းမှ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းအနေဖြင့် အသင်းသားများနှင့် အသင်းသားမိသားစုဝင်များအတွက် စိုက်ပျိုးရေးကဏ္ဍများဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်၊ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးထားကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ 10-Rows Seeder (မျိုးစေ့ချစက်)ဖြင့် နွေစပါး စိုက်ပျိုးခြင်း သရုပ်ပြပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနအမှတ် (၄၈) စက်မှုလယ်ယာစခန်းမှ 10-Rows Seeder (မျိုးစေ့ချစက်) ဖြင့် နွေစပါး စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ ပိုင်းကသပြေတန်းကျေးရွာ၊ ကွင်းအမှတ် (၃၇၈) တောင်သူ ဒေါ်မွှေး၏ လယ်(၄) ဧက၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် MSMEs လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တောင်ငူမြို့နယ်၌ Siphon (ဆိုင်ဖွန်) သဘာဝရေဆွဲအား စနစ်ကိုအသုံးပြု၍ နွေစပါးစိုက်ဧကများသို့ ရေတင်ခြင်းကွင်းသရုပ်ပြသ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များသည် ဒေသခံတောင်သူလယ်သမားများ ရေကိုနည်းလမ်းမျိုးစုံဖြင့် အကုန်အကျသက်သာအကျိုးရှိစွာ ရရှိနိုင်စေရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ Siphon (ဆိုင်ဖွန်) သဘာဝရေဆွဲအား စနစ်ကိုအသုံးပြု၍ နွေစပါးစိုက်ဧကများသို့ ရေတင်ခြင်းကွင်းသရုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆင်ဆိပ်ကျေးရွာအုပ်စု၊ မြင်းစာခွက်ကျေးရွာ၊ ခပေါင်းဆည်၊ လက်တံမြောင်း ၁ (က)၊ ကွင်းအမှတ် (၅၆၁) (ခ) ကံပေါက်ကြီးကျေးရွာအရှေ့ကွင်း၊ မြင်းစာခွက်ကျေးရွာနေ၊ တောင်သူ ဦးညွန့်၏ လယ်ယာမြေတွင် ကွင်းသရုပ်ပြသသည်။

ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြည်ခရိုင်၊ နတ်တလင်းခရိုင်နှင့် သာယာဝတီခရိုင်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မရှင်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် တာဝန်ရှိသူများလိုက်ပါလျက်  သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များမှ ကော်မရှင်ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 

ပြည်မြို့ အဝေးပြေးယာဥ်ရပ်နားစခန်း၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခေတ္တရာမြို့သစ်ရှိ အဝေးပြေးယာဥ်ရပ်နားစခန်း ကားဂိတ်များ၌  မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက်  မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူများပူးပေါင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ကျောက်တံခါးမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသံဃံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနက မြို့ချောင်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်း (မှန်ချောင်း) ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ ရေသံဃံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ပြုလုပ်သည်။

လက်ပံတန်းမြို့၌ သီးနှံများအဓိက ပန်းတိုင် အထွက်နှုန်းရရှိရေး နွေစပါးစံပြကွက်များ ပျိုးထောင်စိုက်ပျိုး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့နယ်အတွင်း သီးနှံများ အဓိကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်များ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စနစ်တကျ ပျိုးထောင်စိုက်ပျိုးခြင်း သရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဂွေးတောက်ကွင်းကျေးရွာ တောင်သူ ဦးတင်ဝင်း၏ ၅ ဧကစံပြကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး