လက်ပံတန်းမြို့၌ သီးနှံများအဓိက ပန်းတိုင် အထွက်နှုန်းရရှိရေး နွေစပါးစံပြကွက်များ ပျိုးထောင်စိုက်ပျိုး

လက်ပံတန်း ဖေဖော်ဝါရီ ၁၅       

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မြို့နယ်အတွင်း သီးနှံများ အဓိကပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး စံပြကွက်များ သတ်မှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စနစ်တကျ ပျိုးထောင်စိုက်ပျိုးခြင်း သရုပ်ပြခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဂွေးတောက်ကွင်းကျေးရွာ တောင်သူ ဦးတင်ဝင်း၏ ၅ ဧကစံပြကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြပြီး လက်ပံတန်းမြို့နယ်တွင် ဆီထွက်သီးနှံများ၊ ရာသီချိန်မီစိုက်ပျိုးဖြစ်ထွန်းနိုင်ရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေး၊ သီးနှံအလိုက်နှင့် နွေစပါးစံပြကွက် ဧက ၂၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးမည့်တောင်သူများကို မြေအသုံးချရေးဆိုင်ရာ၊ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးနှင့် နှမ်းဘောင်ကြီးတင်နည်းစနစ် စိုက်ပျိုးနည်းပညာများ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

မြို့နယ် (ပြန်/ဆက်)