ဖြူး ဖေဖော်ဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းအနေဖြင့် အသင်းသားများနှင့် အသင်းသားမိသားစုဝင်များအတွက် စိုက်ပျိုးရေးကဏ္ဍများဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာနှစ်၊ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် ဆောင်းသီးနှံနှင့် နွေစပါးစိုက်ပျိုးထားကြောင်း သိရသည်။
လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံသမဝါယမအသင်းပိုင်မြေတွင် နိုင်ငံ့စီးပွားရန်ပုံငွေ (၂၅)သန်းဖြင့် မတ်ပဲ (၃၃၅)ဧက၊ ဆောင်းနေကြာ(၂၀) ဧက၊ ပိုက်ဆံလျှော် (၂၀)ဧကနှင့် နွေစပါး (၁၂၉) ဧကကို အသင်းသား/အသင်းသူ ၅၈ ဦးမှ စိုက်ပျိုးထားကြောင်း အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်ထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)