ပဲခူးတိုင်းဒေသကြီး

သာယာဝတီမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနကျောင်းများကို မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေး

ပူပြင်းခြောက်သွေ့သည့်နွေရာသီသို့ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များပျက်စီးဆုံးရှုံးမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးသတိမူရေး၊ အသိပေးနှိုးဆော်ခြင်းနှင့် လိုက်လံစစ်ဆေးဆောင်ရွက်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

ပြည်မြို့ (မူယာပင်) အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြော

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်မြို့နယ်စာရေးဆရာအသင်းတို့ပူးပေါင်း၍ ပြည်မြို့ (မူယာပင်) အခြေခံပညာအထက်တန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြသခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကွင်း‌ဆင်းဆောင်ရွက်ခဲ့ရာ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြသည်။

တောင်ငူမြို့၌ “မော်ကွန်းသစ်” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ လှူဒါန်းငွေကျပ်သိန်း (၁၅၀) ဖြင့် တည်ဆောက်ပြီးစီးသည့် တောင်ငူမြို့၊ (၁၃) ရပ်ကွက်၊ စျေးလမ်းရှိ “မော်ကွန်းသစ်” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ အခမ်းအနားကို အဆိုပါအဆောက်အအုံရှေ့၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မင်းလှ၌ ဆောင်းပဲတီစိမ်း ဧက (၅၀) စံပြကွက်အား စံကွက်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေးအတွက် ဆောင်းပဲတီစိမ်း ဧက (၅၀) စံပြကွက်အား စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်းက ဥတိုကညင်ပင်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းစာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်းစာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းများလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club (မုဒိတာ) အဖွဲ့ဝင်များ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက်ပိုင်းက စာရေးဆရာ အရှင်ကောဝိဒ အနတ္တ (ကောင်းဆက်နိုင်) ၏ "လူငယ်များနှင့်ငြင်းခုံခြင်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ပြည်မြို့နယ် ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လှည့်လည်သတိ‌ပေးနှိုး‌ဆော်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်တွင် မီးလောင်မှုများ မဖြစ်ပေါ်စေရေးနှင့် မီးလောင်မှုကြောင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်စိမ်များ မဆုံးရှုံးစေ‌ရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုး ဦးဆောင်သော သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ယမန်နေ့ည ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး လှည့်လည်သတိ‌ပေးနှိုး‌ဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ပဲခူးမြို့၌ တိုင်းဒေသကြီး သံဃာ့နာယကရွေးချယ်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်များ အနားယူခြင်းနှင့် လစ်လပ်သွားသောနေရာများ၌ ပြန်လည်အစားထိုး ရွေးချယ်တင်မြှောက်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင် တက်ရောက်ကြည်ညိုခဲ့သည်။

ပန်းတောင်းမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် နယ်မြေလုံခြုံရေးအခြေအနေအရ မြို့နယ်အတွင်းသို့ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများကို ယနေ့နံနက်ပိုင်းက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်း အခမ်းနားကျင်းပသည်။

မင်းလှ၌ ဆောင်းပဲတီစိမ်း ဧက(၅၀) စံပြကွက်အား စံကွက်ရိတ်သိမ်း

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စိုက်ပျိုး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီက ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ထွက်ရှိရေး စိုက်ပျိုးထားသည့် ဆောင်းပဲတီစိမ်း ဧက(၅၀) စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက်ပိုင်းက ဥတိုကညင်ပင်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး