ပြည်မြို့ အဝေးပြေးယာဥ်ရပ်နားစခန်း၌ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေး

ပြည် ဖေဖော်ဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ခေတ္တရာမြို့သစ်ရှိ အဝေးပြေးယာဥ်ရပ်နားစခန်း ကားဂိတ်များ၌  မီးလောင်မှုများ မဖြစ်ပေါ်စေရေးအတွက်  မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူများ ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မီးဘေးလုံခြုံရေးစစ်ဆေး ဆောင်ရွက်ရာတွင် အဆိုပါနေရာရှိ အဝေးပြေးယာဉ်ဂိတ်များ၊ လမ်းမီးတိုင်များ၊ ဈေးဆိုင်ခန်းများ၊ လူနေဆောင်များ၌  လျှပ်စစ်မီးကြိုးများ ကောင်းမွန်မှုရှိ/ မရှိနှင့် လျှပ်စစ်မီးသုံးစွဲနေမှုအခြေအနေ၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကာကွယ်‌ရေးသုံး ပစ္စည်း များ စနစ်တကျဆောင်ရွက်ထားရှိမှုရှိ/မရှိ အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်လင်းစိုးက ကားဂိတ်မှူးများနှင့် ဝန်ထမ်း/ မိသားစုများအား  နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်မှုများမဖြစ်ပေါ်ရန် အထူးဂရုပြုရေး၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကာကွယ်ရေးနည်းလမ်းများအကြောင်းနှင့် ပြုပြင်ရန်လိုအပ်သည်များကို ချက်ချင်းပြုပြင်ဆောင်ရွက်ကြရန် အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)