ကျောက်တံခါးမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသံဃံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ 

ကျောက်တံခါး ဖေဖော်ဝါရီ ၁၅    

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာနက မြို့ချောင်းကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်း (မှန်ချောင်း) ကျောင်း၌ သစ်တောထိန်းသိမ်းရေး၊ ရေသံဃံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ပြုလုပ်သည်။

ဟောပြောပွဲတွင် ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးထွန်းထွန်းလင်းက သစ်တောထိန်းသိမ်းရေး၊ ရေသံဃံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/ မြူငွေ့လျှော့ချရေး ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၇၈) ဦး တက်ရောက်ခဲ့ပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)