ပြည်မြို့ သီတာမြန်မာအထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူနှင့် မီးသတ်တပ်ဖွဲ့များက ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ ဂန္ဓမာသက်မှုဇုန်ရှိ သီတာမြန်မာအထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့သည်။