ပေါင်းတည်၌ မတ်ပဲနုတ်သူများ တစ်ဧကကျပ်တစ်သိန်းနှစ်သောင်းနှုန်းရရှိ၍ အဆင်ပြေလျက်ရှိ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်ပဲဧကသုံးသောင်းနီးပါး စိုက်ပျိုးထားခဲ့ပြီး ယခုပဲပေါ်ချိန်တွင် စိုက်ခင်းများရှိမတ်ပဲများကို ပဲနုတ်လုပ်သားများဖြင့် ရိတ်သိမ်းကာခြွေလှေ့နေကြသည်။