ဖြူး ဖေဖော်ဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ဖြေဆိုခွင့်ရှိသော ပညာသင်နှစ်၏ နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်းစာမေးပွဲ ဒုတိယနေ့အဖြစ် ယနေ့နံနက် ၉ နာရီခွဲအချိန်မှ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-5၊ Grade-9၊ Grade- 12 အတန်းများမှအပ ဖြေဆိုခွင့်ရှိသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းများအနေဖြင့် သက်ဆိုင်ရာကျောင်းများတွင် ဖေဖော်ဝါရီ (၂၀) ရက်နေ့မှ ဖေဖော်ဝါရီ (၂၇) ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖြေဆိုရာတွင် ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၁၂) ကျောင်းတွင် (၃၅၂၈၅) ဦး၊ ကိုယ်ပိုင်ကျောင်း (၇) ကျောင်းတွင် (၁၅၇၅) ဦး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂) ကျောင်းတွင် (၁၈၆) ဦး၊ စုစုပေါင်း ကျောင်းပေါင်း (၁၂၁) ကျောင်းတွင် (၃၇၀၄၆) ဦး ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)