တောင်ငူ ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်) နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆိုလျက်ရှိသည်။
တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများတွင် Grade-5၊ Grade-9 နှင့် တက္ကသိုလ်ဝင်အတန်းများမှ လွဲ၍ KG အဆင့်မှ အထက်တန်းအဆင့်ထိ ဖြေဆိုလျက်ရှိရာ ယနေ့တွင်စာရင်းရှိ ကျား (၂၀၁၅၁)ဦး၊ မ (၂၀၉၅၀)ဦး၊ စုစုပေါင်းစာရင်းရှိ (၄၁၁၀၁)ဦး၊ ဖြေဆိုသူ ကျား (၁၉၄၅၅)ဦး၊ မ (၂၀၄၀၇)ဦး၊ စုစုပေါင်း (၃၉၈၆၂)ဦး ဖြေဆိုပြီး၊ ပျက်ကွက် ကျား (၆၉၆)ဦး၊ မ (၅၄၃)ဦး၊ စုစုပေါင်း ပျက်ကွက် (၁၂၃၉)ဦးရှိကာ ဖြေဆိုမှုရာခိုင်နှုန်း (၉၆.၉၈) ရာခိုင်နှုန်းရှိသည်။
တောင်ငူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး Grade-5နှင့် Grade-9 အတန်းများကို မတ်လ ၃ ရက်နေ့မှစတင်၍ စာမေးပွဲဖြေဆိုရမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခရိုင် (ပြန်/ဆက်)