ပြည် ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူနှင့် မီးသတ်တပ်ဖွဲ့များက ယနေ့နံနက် ၁၀ နာရီတွင် ပြည်မြို့ ဂန္ဓမာသက်မှုဇုန်ရှိ သီတာမြန်မာအထည်ချုပ်စက်ရုံ၌ မီးဘေးလုံခြုံရေးဟောပြောပွဲနှင့် မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အဆိုပါစက်ရုံမှတာဝန်ရှိသူနှင့်ဝန်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်လင်းစိုးက နွေရာသီရောက်ရှိလာပြီဖြစ်၍ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လျှပ်စစ်ဝါယာ ရှော့ဖြစ်မှုများအပါအဝင် မီးလောင်မှုများမဖြစ်ပေါ်ရေး အထူးဂရုပြုကြရန်နှင့် မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအကြောင်းကို ပါဝါပွိုင့်များဖြင့် အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံနှင့် စနစ်တကျ မီးငြှိမ်းသတ်နည်း၊ ရေစိုအဝတ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်နည်းတို့ကို ယင်းစက်ရုံဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်မှုဆောင် ရွက်ခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)