ကျောက်ကြီး ဖေဖော်ဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက်ပိုင်းတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတုအသေးစားပြင်ဆင်ခြင်းလုပ်ငန်းကို နေ့ချင်းပြီး "အခမဲ့" ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအား ကျောက်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးမင်းမြတ်ဘုန်းစီမံမှုဖြင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဘားအံခြေတုလက်တုဆိုင်ရာပြန်လည်သန်စွမ်ရေးဌာသို့ ခြေတုအသေးစားပြင်ဆင်နိုင်ရေးသင်တန်းသွားရောက်တက်စေပြီး ကျောက်ကြီးမြို့နယ်အတွင်း ကိုယ်အင်္ဂါချို့တဲ့နေသူများ၊ မိုင်းဒဏ်ခံရသူးများ၊ ခြေတုရရှိရေး၊ ခြေတုအသေးစားပြင်ဆင်ဆောင်ရွက်နိုင်ရေးလုပ်ငန်းအား အပတ်စဥ် စနေနေ့တိုင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် "အခမဲ့" ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင်ထားသူ အယောက်(၄၀၀)ဦးကျော်ခန့်ရှိကြောင်း မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့သိရပြီး ခြေတုအသစ်တပ်ဆင်လိုသူများအား လိုအပ်သည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်သင့်သည့်များ လေ့ကျင့်ခန်းပြုလုပ်ရန် နည်းစနစ်များညွှန်ပြပေးခြင်းနှင့် ခြေတုလာရောက်ပြုပြင်သူများအား ခြေဖဝါး၊ ခြေအိပ်၊ ခါးပတ်ကြိုးများအား "အခမဲ့" ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်