ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးများ အခမဲ့ပေးဝေခြင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပန်းချီသင်တန်းတက်ရောက်နေသော အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးများ အခမဲ့ပေးဝေခြင်းဆောင်ရွက်သည်။