ပြည် မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပန်းချီသင်တန်းတက်ရောက်နေသော အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းက ပြည်ခရိုင်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းဆေးများ အခမဲ့ပေးဝေခြင်းဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်ခရိုင်ဦးစီမှူး ဒေါ်ခိုင်ဝါဝါအောင်က နွေရာသီတွင်ဖြစ်ပွားလေ့ရှိသော ရောဂါများအကြောင်းနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောပြီး တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများအား အစာကြေဆေး၊ သလိပ်ပျော်/ချောင်းဆိုးပျောက်ဆေးနှင့် အပူငြိမ်းဆေးအပါအဝင် တိုင်းရင်းဆေးဝါးကို အခမဲ့ပေးဝေခဲ့ကြောင်းသိရသည်။
ကိုဆက်(ပြန်/ဆက်)