ပေါက်ခေါင်းမြို့နယ်တွင် တောင်သူများ၏ လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီး

ပေါက်ခေါင်း မတ် ၅

ပေါက်ခေါင်းမြို့နယ်တွင် ကျေးလက်တောင်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ လွယ်ကူလျှင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးနှင့် လယ်ယာသုံးစက်များ အလွယ်တကူသွားလာနိုင်ရေးတို့အတွက် ရည်ရွယ်၍ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးလက်ကုန်ထုတ်လမ်းလုပ်ငန်း (၃) လမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရှိရာ အဆိုပါလမ်းများမှာ ရားနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ထောင်စုဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေကျပ် ၇၁ ဒသမ ၄၂ သန်းဖြင့် စောကဲ (အနောက်) ကျေးရွာကုန်ထုတ်လမ်းအရှည် ၀/၄.၈၄၈ မိုင်×၁၂ ပေ× ၂ပေ ၉ လက်မနှင့် Pipe Culvert (၆) စင်း တည်ဆောက်ခြင်းလုပ်ငန်းနှင့် မန်ကျည်းပင် (မြောက်) ကျေးရွာကုန်ထုတ်လမ်းပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုရန်ပုံငွေ ၂၆၈ ဒသမ ၄၉ သန်းဖြင့် ကျေးရွာကုန်ထုတ်လမ်းအရှည် ၂) ၀.၉၇ မိုင်×၁၂‌ ပေ×၂‌ ပေ ၉ လက်မ၊ Pipe Culvert (၅) စင်း၊ Box Culvert (၁) စင်း၊ ရေကျော် (၁) စင်း၊ တိုင်းဒေသကြီးဘတ်ဂျတ် ခွင့်ပြုရန်ပုံငွေ ၈၂ ဒသမ ၅၉ သန်း ဖြင့်မိုးမညို (တောင်) လမ်းအရှည်ပေ (၀/၀.၅၇၆မိုင်×၁၆ ပေ×၉ လက်မ)၊ Box Culvert (၁) စင်းတည်ဆောက်ခြင်းလုပ်ငန်းတို့အား အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး ယခုအခါအဆိုပါလုပ်ငန်းများမှာ ရာခိုင်နှုန်းပြည့်ပြီးစီးပြီဖြစ်‌၍ ကျေးလက်တောင်သူများ အသုံးပြုသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျေးလက်ထုတ်ကုန်များ လွယ်ကူစွာသယ်ယူနိုင်ရန်ရည်ရွယ်၍ နှစ်စဉ်ပြည်ထောင်စုဘတ်ဂျတ်နှင့် တိုင်းဒေသကြီးဘတ်ဂျတ်ခွင့်ပြုရန်ပုံငွေများဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် ကျေးရွာကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင် (ပြန်/ဆက်)