ကျောက်ကြီးမြို့နယ်၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၅ ဖွင့်လှစ်

ကျောက်ကြီး မတ်လ ၅

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၅ ဖွင့်လှစ်ခဲ့သည်။

သင်တန်းဖွင့်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့်က ယခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသားလူငယ်များအား အတတ်ပညာတစ်ရပ်အနေဖြင့် ရည်ရွယ်ပြီး ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၁/၂၀၂၅ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပြီး၊ မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြက်ခြေနီအကြောင်း သိကောင်းရာများ ပြောကြားခြင်း၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုဥက္ကဋ္ဌ ဦးသိန်းထွဋ်အေးက သင်တန်းကာလတိုတောင်းသည့်အတွက် ကြိုးစားသင်ယူလေ့လာရန်နှင့် သင်တန်းနည်းပြအနေဖြင့် လည်းသင်တန်းသားများအားလုံး အခြေခံရှေးဦးပြုစုမှုအတတ်ပညာများအား လက်ဆင့်ကမ်း မျှဝေသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအား မတ်လ ၅ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိ ၃ ရက်တာ နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအချိန်အထိ သင်တန်းသား/ သင်တန်းသူ (၃၅) ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးက သိရသည်။

မြို့နယ် (ပြန်/ဆက်)