ကျောက်တံခါး မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ် ဖွင့်လှစ်သည့် ဘက်စုံသုံးဆပ်ပြာဆီထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်စန်းတင့်က ဘက်စုံသုံးဆပ်ပြာဆီထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် သင်တန်းကို ဖွင့်လှစ်ကာ တက်ရောက်လာသည့်သင်တန်းသား၊ သင်တန်းသူများကို Woman Club အဖွဲ့ဝင် ဒေါ်နုနုခင်နှင့် ဒေါ်မိုးသူဇာတို့က ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်ပုံအဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီထုတ်လုပ်နည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းမှဝါသနာရှင်များ စုစုပေါင်းသင်တန်းသား ၁၈ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)