ပြည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်အတွင်းမြို့နယ်များ၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ခြင်း ကွင်းဆင်းဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပြည်ခရိုင်အတွင်း မြို့နယ်များ၌ ပြည်သူများအား အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေးအသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ခြင်းကို ဇွန် ၁၃ ရက်မှ ၂၃ ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။