တောင်ငူ ဇွန် ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ဒေသအတွင်း ငါးသယံဇာတတိုးပွားလာစေရန်၊ ငါးရိက္ခာဖူလုံမှုရှိစေရန်နှင့် ဒေသရင်းငါးမျိုးစိတ်များ မျိုးသုဥ်းပျောက်ကွယ်မှုမှ ကာကွယ်ရန်အတွက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ စစ်တောင်းမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တောင်းတံတားအနီး၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမြင့်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်တောင်းမြစ်ရေပြင်အတွင်းသို့ နှစ်လက်မအရွယ် ရွှေဝါငါးကြင်းသားပေါက်ကောင်ရေ(၈၅၅၀၀)၊ ငါးမြစ်ချင်းသားပေါက်ကောင်ရေ(၁၀၀၀၀၀)၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ(၅၀၀၀၀)၊ စုစုပေါင်းကောင်ရေ(၂၃၅၅၀၀)အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)