ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်တို့၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ်တွင် ဂျီအီးစီ (ပညာရေး) သမဝါယမအသင်းလီမိတက်နှင့် မဏ္ဍိုင်ငွေစုငွေချေး သမဝါယမအသင်းလီမိတက်တို့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.က (ဇီးကုန်း) ခန်းမဆောင်တွင်ကျင်းပခဲ့ကြောင်း သိရသည်။