အုတ်တွင်း ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ် သမဝါယမဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်နေသည့် ကျေးရွာလေးရွာအား တာဝန်ရှိသူများက ဇူလိုင် ၂၃ ရက်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်သမဝါယမကဏ္ဍမှ မိုးစပါးစီမံကိန်းဆောင်ရွက်နေသည့် ကျေးရွာလေးရွာ၊ အသင်းငါးသင်း၊ အသင်းသား(၂၅၄)ဦး၊ စိုက်ဧက(၁၅၀၀)အတွက် တစ်ဧကလျှင်ငွေကျပ်(၂၅၀၀၀၀)နှုန်းဖြင့် ညီမျှသော အထွက်တိုးမျိုးအောင်နိုင်တိုးမျိုးစပါး သွင်းအားစုတို့ ကိုသမဝါယမကဏ္ဍမှ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပြီး ယခုအခါညောင်ပင်ကြီးကျေးရွာအုပ်စု၊ အရှေ့ကြို့ကုန်းကျေးရွာ၊ အရှေကြို့ကုန်းအထွေထွေစိုက်ပျိုးရေးသမဝါယမအသင်း၊ အသင်းသား(၆၁)ဦးမှ တောင်သူဦးမိုးကျော်၏ လယ်ခြောက်ဧကတွင် (Seeder) စက်ဖြင့် စိုက်ပျိုးထားသောရက်(၃၀)အရွယ်ခန့် အောင်နိုင်တိုးမျိုး စပါးစိုက်ခင်း၌ သွင်းအားစုထည့်သွင်းနေမှုအခြေအနေများကို မြို့နယ်သမဝါယဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ပေးခဲ့ကြကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)