ဝေါမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား UID (ခေါ်) Smart Card အား အခမဲ့ပြုလုပ်ပေး

ဝေါ ဇူလိုင် ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ နိုင်ငံဝန်ထမ်းအငြိမ်းစားများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက UID (ခေါ်) Smard Card အား ယမန်နေ့ နံနက်(၉)နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ဆက်လက်ပြုလုပ်ပေးလျက်ရှိသည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ဝေါမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းဝေယံဦး ဦးဆောင်၍ ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားပင်စင်စားများအား ဘဏ်သို့ပင်စင် လာရောက်ထုတ်ယူရာတွင် UID (ခေါ်) Smard Card အား အလွယ်တကူရရှိနိုင်ရေး လစဥ်ပင်စင်လစာထုတ်ရက်များဖြစ်သည့် (၂၁) ရက်နေ့မှ (၂၅) ရက်နေ့အထိ လစဥ်လတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာကျော် (ပြန်/ဆက်)