အုတ်ဖို ဇူလိုင် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ပေးရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ Biometric ကောက်ယူပြီး (UID) Unique Identity ထုတ်ပေးခြင်းလုပ်ငန်းကို မြန်မာ့စီးပွားရေးဘဏ်၌ ယမန်နေ့က ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အုတ်ဖိုမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်နိုင်နှင့် ဝန်ထမ်းများက (UID) Smart Card မပြုလုပ်ရသေးသော နိုင်ငံ့ဝန်းထမ်းအငြိမ်းစားများကို ဇူလိုင်လ ၂၁ မှ ၂၅ အထိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်ရှိသူများအား ရပ်ကွက်ကျေးရွာများသို့ အရောက်ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ