ပဲခူးတိုင်းဒေသကြီး

ပြည်မြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲပြုလုပ်

ပြည်တွင်းအခွန်များဦးစီးဌာနမှဆောင်ရွက်လျက်ရှိသော အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာအကြောင်းများကို ပြည်မြို့နယ်အတွင်း အခွန်ထမ်းပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ အခွန်ဆိုင်ရာပညာပေးရှင်းလင်းဆွေးနွေးပွဲပြု လုပ်ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းနှင့် အခွန်ထမ်းပြည်သူများတက်ရောက်ကြသည်။

နတ်တလင်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ စာအုပ်၊ စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပြည်တော်သာ အ.မ.က ကျောင်း၌ ပြုလုပ်ခဲ့သည်။

၂၀၂၅ ခုနှစ် ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် (အမျိုးသမီး) ဘောလုံးပြိုင်ပွဲဆုပေးပွဲအခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ၂၀၂၅ ခုနှစ် ညောင်လေးပင်ခရိုင် ညောင်လေးပင်ခရိုင်၊စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲဆု ပေးပွဲအခမ်းအနားကျင်းပခဲ့သည်။

ပေါင်းတည်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ Book Club အစည်းအဝေးကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)၌ စက်တင်ဘာလ ၇ ရက်နေ့နံနက် ၁၀ နာရီက Book Club အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၇ ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်၌ ဗုဒ္ဓမြတ်စွယ်တော် အပူဇော်ခံပွဲစည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ တော်သလင်းလဆန်း ၁၃ ရက်၊ စက်တင်ဘာ ၄ ရက်မှ တော်သလင်းလပြည့်နေ့၊ စက်တင်ဘာ ၆ ရက်အထိ ၃ ရက်တိုင် ကျင်းပပြုလုပ်သော ၁၂၈ ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော်အပူဇော်ခံပွဲကို နောက်ဆုံး‌နေ့ တော်သလင်းလပြည့်နေ့ ည ၇ နာရီတွင် ပိတ်ပွဲအခမ်းအနားကျင်းပခဲ့ရာ စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် မြို့နယ်အဆင့်အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲလူရွေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကျောင်းသားအားကစားပြိုင်ပွဲအတွက် မြို့နယ်အဆင့်အရည်အချင်းပြည့်မီသော ထူးချွန်အားကစားသမားများစေလွှတ်နိုင်ရေး မြို့နယ်အဆင့်ကျောင်းပေါင်းစုံပဏာမလူရွေးချယ်ပွဲကို ယမန်နေ့နံနက် ၉ နာရီကစတင်၍ အ.ထ.က(ကဝ)ကျောင်းအားကစားကွင်းနှင့် ရွှေညောင်ပင်ဘော်လီဘောအားကစားကွင်းတို့တွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ပန်းတောင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က(ခွဲ) ဒန့်ဒလွန်ကျောင်းသို့ အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများဆောင်ရွက်ခဲ့သည်။

တောင်ငူမြို့နယ်၌ လူထုကျန်းမာရေးအသိပညာပေးလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်၊ အညာသားလေးမုန့်ဖတ်ခြောက်စက်ရုံ၌ ကျန်းမာရေးဦးစီးဌာနမှ စက်တင်ဘာလ ၇ ရက်နေ့နံနက်ပိုင်းက လူထုကျန်းမာရေးအသိပညာပေးဟောပြောပွဲဆောင်ရွက်ခဲ့သည်။

၂၀၂၅ ခုနှစ်၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ်၊ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား U-25 အမျိုးသမီးဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့၊ ခေတ္တရာရွှေပြည် ခရိုင်အားကစားကွင်း၌ကျင်းပရာ ပြည်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်ခရိုင်(၄)မြို့နယ်မှ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ အသင်းအုပ်ချုပ်သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ကြည့်ရှုအားပေးသူပရိတ်သတ်များတက်ရောက်ကြသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး