ဒိုက်ဦး စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ စက်တင်ဘာ ၇ ရက်နေ့ ညနေပိုင်းက ၂၀၂၅ ခုနှစ် ညောင်လေးပင်ခရိုင် ညောင်လေးပင်ခရိုင်၊စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက်(အမျိုးသမီး)ဘောလုံးပြိုင်ပွဲဆု ပေးပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ပွဲစဉ်တစ်လျှောက်နေရာအလိုက် အကောင်းဆုံးရှေ့တန်းအားကစားသမားဆုအား ဒိုက်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းဦးကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံးအားကစားသမားဆုကို ရွှေကျင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်ကလည်းကောင်း၊ နောက်တန်းအားကစားသမားဆုကို ကျောက်တံခါးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွန့်ဆွေကလည်း ကောင်းအသီးသီးပေးအပ်ကြပြီး အကောင်းဆုံးဂိုးသမားဆုကို ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးခိုင်ထွန်းကလည်းကောင်း၊ ပွဲစဥ်တစ်လျှောက်အကောင်းဆုံးအားက စားသမားဆုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒေါ်နီလာထွန်းကလည်းကောင်း၊ ဒိုင်လူကြီးများအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မ တီအဖွဲ့ဝင်ဦးလှမြင့်ဦးက ဂုဏ်ပြုငွေပေးအပ်ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဒုတိယဆုရရှိသောအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအတွင်းရေးမှူး ဒုရဲမှူးကြီးကျော်သူဝင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုချီးမြှင့်ပေးပါသည်။ထို့နောက် ပထမဆုရရှိသောအသင်းအား ညောင်လေးပင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်စိုးက တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားအားချီးမြှင့်ကာ အခမ်းအနားကိုရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ ၂၀၂၅ ခုနှစ် ညောင်လေးပင်ခရိုင် ညောင်လေးပင်ခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက် (အမျိုးသမီး)ဘောလုံးပြိုင်ပွဲအား စက်တင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိယှဥ်ပြိုင်ခဲ့ကြပြီး အသင်းဝင် ၄ သင်းဝင်ရောက်ယှဥ်ပြိုင်ကြပြီး နောက်ဆုံးဗိုလ်လုပွဲ၌ ဒိုက်ဦးမြို့နယ်အသင်းမှ ရွှေကျင်မြို့နယ်အသင်းအား ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရ ဗိုလ်ဆွဲ့ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)