ပေါင်းတည် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စက်တင်ဘာလ ၇ ရက်နေ့နံနက် ၁၀ နာရီက Book Club အစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအစည်းအဝေး၌ Book Club အဖွဲ့က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့်ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာပေပြိုင်ပွဲများ၊ ကျပန်းစကားပြောပြိုင်ပွဲများ၊ ပန်းချီပြိုင်ပွဲများကျင်းပပြုလုပ်ပေးနိုင်ရေးကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုအစည်းအဝေးသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အေးဆုစံ၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်သင်းရီ၊ Book Club ဥက္ကဋ္ဌ ဦးစိန်မောင်နှင့် ဖိတ်ကြားထားသောကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ Book Club နှင့် မြို့နယ်စာရေးဆရာအသင်းဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)